အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် (၂၃) ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ ပူးပေါင်းပြီး ယနေ့ နံနက် (၁၁:၃ဝ)နာရီအချိန်တွင် မော်လမြိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာ ၊ အကျင့်စာရိတ္တဆိုင်ရာ ၊ တိုင်းချစ်ပြည်ချစ်စိတ်ဆိုင်ရာနှင့် အားကစားတွင် စိတ်ပါဝင်စားပါဝင်ဆောင်ရွက်လာစေရေးအတွက် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူ (၁၈၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဦးဝင်းဌေး ဒုတိယညွှန်ကြားရေးမှူးမှ ” လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ၊ အားကစားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် တိုက်ကွမ်ဒို ၊ မြန်မာ့သိုင်းသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။