အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လဲချားမြို့ ၊ သြဂုတ် ၂၈ ရက် ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လဲချားမြို့နယ်မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၆.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်း တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးဖြိုးမြင့်ဝေ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လဲချားမြို့နယ် အားကစားမှူး ဦးထိန်လင်း ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ အကအဖွဲ့များတက်ရောက်ခဲ့ကြပြီး အဆိုပါဖွင့်ပွဲတွင် အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အကအဖွဲ့များမှ တေးသရုပ်ဖော်မှုအကများဖြင့်ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ကာ အဖွင့်ပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။