အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြဝတီမြို့တွင် ကျောင်းသားလူငယ်များ အသိပညာ ဉာဏ်ပညာတိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မြဝတီ၊ မတ်လ (၂၁) ရက်။

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍ ကို  အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်ပိုင်းက ကရင် ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပေးသည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ သင်ယူမှုအပြင် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်စေလိုကြောင်း၊ စာပေဗဟုသုတ တို့မှ လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်၊ လူကောင်း မျာဖြစ်စေလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မာမာရီက လူငယ်များအတွက် ပညာရေးသည်အဓိကဖြစ်ကြောင်း၊ ငယ်စဉ်မှစ၍ ပညာ ကြိုးစားသင်ယူလိုကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္ထမြင့်မားစေရေး၊ ပေါင်းသင်းဆက်ဆံရေး ထားရှိရမည့်ဘဝရည်မှန်းချက်ပန်းတိုင်များ၊ ကျန်းမာ ရေးဆိုင်ရာ ဗဟုသုတ များနှင့် မိမိတိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးတို့ကို လည်း ကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဇင်က လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလို ကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက် (၄) ချက်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောပေးသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေးပိုစတာများ၊ ဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြ ကြောင်းသိရသည်။