အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဧပြီ(၄)။

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံဘောလုံး ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သည့် အသင်းအုပ်ချုပ်သူ/နည်းပြ(၁၄)ဦးအားကစားသမား(၂၅၃)ဦး၊ စုစုပေါင်း (၂၆၇)ဦးတို့သည်  အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်အားများရရှိစေရန်နှင့် အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone) ၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအားလည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ မှတ်တမ်းများအားလည်းကောင်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိမေးမြန်းလိုသည်များကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။