အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် Youth Camp မှ အားကစားသမားများအတွက် အထူးနေ့လယ်စာစားပွဲပြုလုပ်

နေပြည်တော်၊ မတ်လ (၄)။

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် Youth Camp ၌  စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား စိတ်ပျော်ရွင်စေရန်နှင့် အစားအသောက်များ အပြောင်းအလဲဖြစ်စေရန်အတွက် မိုးပျံကြက်သား ဒံပေါက်ဖြင့် အထူးနေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ ကျွေးမွေးခြင်းကို ယနေ့ နေ့လယ်(၁၁)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ စားရိပ်သာ၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတွင် ခြင်းလုံးအားကစားအဖွဲ့နှင့် (Join Training) ပူးတွဲလာရောက် လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားခြင်းလုံးအားကစားအဖွဲ့မှ အားကစားသမားများကိုလည်း မိုးပျံကြက်သားဒံပေါက်များ  သွားရောက်ပေးပို့ကျွေးမွေးခဲ့ကြောင်း သိရသည်။