အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်(၇)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်တွေ့ခန်းမဆောင်၌ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader မှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး အားကစားနည်းအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ခြင်းလုံးဒိုင်လူကြီးသင်တန်းအား လာရောက်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းကို အရှေ့တောင်အာရှမှ အာရှအဆင့်ထိ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲသင့်သည့် နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများအား ပြောင်းလဲပြင်ဆင်ရေးဆွဲပေး သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ခြင်းလုံးအားကစားနည်းအား ကျယ်ပြန့်အောင် မြှင့်တင်ပေးလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခြင်းလုံးအားကစားနည်းနှင့်ပတ်သက်ပြီး လိုအပ်သည်များရှိပါက အပြည့်အဝ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Mr.Dato Abdul Halim Bin Kader နှင့်အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် Mr.Dato Abdul Halim Bin Kader နှင့်အဖွဲ့မှလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့အား ခြင်းလုံးနှင့်အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်းသိရသည်။