အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF COUNCIL METTING တက်ရောက်

နေပြည်တော်၊ ဧပြီ(၁၀)ရက်။

ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa တွင် ကျင်းပပြုလုပ်သည့် SEAGF COUNCIL METTING ကို ယနေ့ နံနက် မြန်မာစံတော်ချိန် (၈)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ တာဝန်ရှိသူများနှင့် SEAGF COUNCIL အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုတိယဥက္ကဋ္ဌ H.E.DR. THONG KHON မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် SEA Games ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ SAMDECH PICHEY SENA TEA BANH မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ယင်းနောက် SEAGF COUNCIL အဖွဲ့ဝင်များမှ အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စား ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ရသည့်အတွက် များစွာဂုဏ်ယူဝမ်း မြောက် မိပါကြောင်းနှင့် အရှေ့တောင်အာရှဒေသတွင်းမှ SEAGF အဖွဲ့ဝင်များနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ အရှေ့တောင်အာရှဒေသတွင်း၌ အားကစားလှုပ်ရှားမှုများဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြှင့်တင်ရေးဆောင်ရွက်မှုများတွင် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာသူအားလုံးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များအားလုံး ကျန်းမာချမ်းသာကြစေလိုကြောင်း ဆုမွန်ကောင်းတောင်းပေးပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 32nd SEA Games အတွက် အစစအရာရာအောင်မြင်စေရန် ဆုမွန်ကောင်းတောင်းပေးပါကြောင်း၊ လာမည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 31st SEA Games တွင် တွေ့ဆုံရန် မျှော်လင့်ပါကြောင်း မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုတိယဥက္ကဋ္ဌ H.E.DR. THONG KHON မှ 32nd Cambodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းအမျိုးအစားများအား ရှင်းလင်းပြောကြားခဲ့ရာ SEAGF အဖွဲ့ဝင်နိုင်ငံများမှ ထပ်မံ ထည့်သွင်းကျင်းပလိုသည့် အားကစားနည်းများကို အဆိုပြုတင်ပြဆွေးနွေးခြင်းနှင့် ဆပ်ကော်မတီအလိုက် အတည်ပြုချက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။ယင်းနောက် ဗီယက်နမ်နိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူမှ 31st SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူမှ 32nd SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှု များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။