အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲ FLY EAGLE အသင်းဗိုလ်စွဲ

ရန်ကုန်၊ ဒီဇင်ဘာ(၁၇) ။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား၊ အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေကသိမ်ဖြူဟော်ကီကွင်း၌ကျင်းပသည်။

ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသအစိုးရအဖွဲ့၀န်ကြီးများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ အားကစားဝါသနာရှင်များကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲတွင် SMART အသင်းနှင့်Fly Eagle အသင်းတို့ယှဉ်ပြိုင်ကစားကြရာFly Eagle အသင်းက‌ SMARTအသင်းကို‌ လေးဂိုး-သုံးဂိုး ဖြင့်အနိုင်ရရှိသွားသည်။

ပြိုင်ပွဲအပြီး တတိယရရှိ‌သောTong Tah အသင်း အားအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးအောင်နိုင်ဆွေကလည်းကောင်း၊ ဒုတိယဆုရရှိသော SMARTအသင်းအား မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦး‌စောလုလုထော် တို့ကတစ်ဦးချင်းဆုတံဆိပ်နှင့်‌ငွေသားဆုများ‌ချီးမြှင့်ကြသည်။

ဆက်လက်၍ ပထမဆုရရှိ‌သော Fly Eagle အသင်းအား တိုင်း‌ဒေသဒေး၀န်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်၊‌ ငွေသားဆုနှင့်တံခွန်စိုက်ဖလားချီးမြှင့်ကြသည်။ ထို့‌နောက်‌ ရှေ့တန်း၊ အလယ်တန်း၊‌ နောက်တန်း၊ ဂိုးသမားအ‌ကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်‌လျောက်အ‌ကောင်းဆုံးဆုရရှိကြ‌သော အားကစားသမားများအား တိုင်း‌ဒေသဒေးဝန်ကြီးများ၊ တိုင်း‌ဒေသကြီး အတွင်း‌ရေးးမှူးနှင့် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဒုတိယဥက္ကဌတို့က‌ ငွေသားဆုနှင့်ဆုတံဆိပ်များ‌ပေးအပ်ချီးမြှင့်ကြသည်။

ယင်းပြိုင်ပွဲကိုနို၀င်ဘာ၁၇ရက်မှ ဒီဇင်ဘာ၁၇ရက်အထိ အသင်း‌ခြောက်သင်းဖြင့် ပတ်လည်စနစ်ဖြင့်ကျင်းပခဲ့ကြောင်းသိရသည်။