အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဩဂုတ် (၁၂)ရက်။

အနာဂတကြာလတှငြ အသင့ဖြှဈနသေော မွိုးဆကသြဈ လူငယမြွား၏ အရေးပါသည့ြ အခနြးကဏျဍကို အသိအမှတပြှု၍ လူငယမြွား ရငဆြိုငကြှုံတှေ့နရသေည့ြ စိနခြေါမြှုမွား အခကအြခဲမွားကို နိုငငြံတကာအသိုကအြဝနြးက သိရှိနားလညစြရနေရြညရြှယပြှီး  “ ၂၀၂၂ ခုနှဈ၊ အပှညပြှညဆြိုငရြာ လူငယမြွားနေ့ အခမြးအနား” ကို ယနေ့နံနကြ (၁၀:၀၀)နာရီတှငြ နပှညေတြောြ၊ ဝဏျဏသိဒိဓအားကစားရုံ (B)၌ ကငွြးပရာ မှနမြာနိုငငြံလူငယရြေးရာဗဟိုကောမြတီဥကျကဋျဌ၊ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ပှညြ‌ထောငစြုဝနကြှီး ဦးမငြးသိနြးဇံ၊ မှနမြာနိုငငြံလူငယရြေးရာလုပငြနြးကောမြတီဥကျကဋျဌ၊အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ဒုတိယဝနကြှီး ဦးမွိုးလှိုငြ၊ ညှှနကြှားရေးမှူးခွုပမြွား၊ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ဒုတိယအမှဲတမြးအတှငြးဝနြ၊ ဒုတိယညှှနကြှားရေးမှူးခွုပမြွား၊ ဌာနခှဲမွားမှ ညှှနကြှားရေးမှူးမွား၊ မှနမြာနိုငငြံလူငယရြေးရာလုပငြနြးကောမြတီဝငမြွား၊ ဆုရအားကစားသမားမွားနှင့ြ ဆုရကွောငြးသား/ကွောငြးသူမွားတကရြောကခြဲ့ကှပါသညြ။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်ဇံက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ(၈)ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ (၁၈)ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်ကြကြောင်း၊ အာဆီယံဒေသတွင်း လူဦးရေ (၆၅၄) သန်းအနက် (၃၄) ရာခိုင်နှုန်းသည် အသက်(၁၅)နှစ် မှ (၃၅)နှစ်ကြား လူငယ်များဖြစ်ကြကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုဖော်ဆောင်ပေးနိုင်သည့် လုပ်သားအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍများအား ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်ဖြင့် ဩဂုတ်လ (၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ “ သက်ရွယ်စုံညီ ကမ္ဘာသစ်စီ မျိုးဆက်အားလုံး ပူးပေါင်းပါဝင်ကူညီ” ဆိုသည့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးထားသည့် ဆောင်ပုဒ်နှင့်အညီ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီနိုင်စေရေးအတွက် မျိုးဆက်သစ်များ အချင်းချင်းကြား ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် သက်ရွယ်စုံပါဝင်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်းတီးပုံဖော်ပေးနိုင်ရေး ပိုမိုအရှိန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်ဦးရေ အချိုးအစားများပြားခြင်းကြောင့် လူဦးရေဆိုင်ရာ ပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံသည် “ လူဦးရေဆိုင်ရာ ဆုလာဘ်” ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ ထူးခြားသည့် အင်အားစုတစ်ရပ်လည်းဖြစ်ပြီး၊ အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ကြကြောင်း၊ လူငယ်ရေးရာ ဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုး၊ ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်အားကစား ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ထူးချွန်သည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားမောင်/မယ် လူငယ်များကို ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ ဩဂုတ်လ (၁)ရက်နေ့တွင် ကျင်းပခဲ့သည့် ဝန်ကြီးဌာန ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဂုဏ်ပြုဆုငွေ ကျပ်သိန်းပေါင်း(၁၇၅၄)သိန်းအား ချီးမြှင့်ပေးခဲ့ပြီး ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် အသက်(၃၅)နှစ်အောက် ထူးချွန်အားကစားသမား (၁၆)ဦးနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူ (၅)ဦးတို့အား ဂုဏ်ပြုဆုငွေကျပ် (၁၉,၂၅,၀၀၀) ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ ဘက်စုံထူးချွန်သော လူတော်လူကောင်းများ မွေးထုတ်ပေးခြင်းဖြင့် လူငယ်များ၏ စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သက်ရွယ်စုံညီပါဝင်သော လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်သော သဟဇာတဖြစ်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ဖန်တီး ပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် လူငယ်အားကစားသမား (၁၆)ဦးအား  ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်ကောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ (၅)ဦးအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်ကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် Video Clip အားပြသခဲ့ပါသည်။

ထို့နောက် လူငယ်များကိုယ်စား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မသီရိနန်းစံက လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်အချက်များအား တာဝန်ရှိသူများသို့ တင်ပြရာတွင် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် ကိုဗစ်(၁၉)အပါအဝင် ကပ်ရောဂါများကြောင့် လူငယ်အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ကျား/မ တန်းတူမညီမျှမှု၊ အရည်အသွေးမပြည့်မီသော ပညာရေးအဆင့်အတန်းနှင့် ပညာရေးလက်လှမ်းမမီမှု၊ နိမ့်ကျသော ကျန်းမာရေး မသန်စွမ်းမှု၊ လုံခြုံမှုမရှိသော နေရာထိုင်ခင်း၊ အကြမ်းဖက်မှုများ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ မူးယစ်ဆေးပြသနာ၊ တန်းတူညီမျှမှုနှင့် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်မရရှိခြင်းစသည့် ပြသနာအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည့်အတွက် လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်မှု အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်သည့် မဟာဗျူဟာစီမံချက်များ ထိရောက်မှုရှိပြီး လက်တွေ့ကြသောအစီအမံများ ချမှတ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် မျိုးဆက်သစ်လူငယ်များ၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် လုပ်ငန်းအစီအမံများ ဖော်ဆောင်ပေးနိုင်ပါရန် လူငယ်များကိုယ်စား တင်ပြတောင်းဆိုခဲ့ပြီး လူငယ်များ အနေဖြင့်လည်း ကျရာအခန်းကဏ္ဍ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာတင်ပြခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။