အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ မေလ(၁၈)ရက်။

၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ(၅)နာရီခွဲ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် UB-7024 မြန်မာအမျိုးသား လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ (၁၆)ဦး၊ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၁)ဆု ရရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ရွှေတံဆိပ်(၁)ဆု၊ ငွေတံဆိပ်(၅)ဆု၊ ကြေးတံဆိပ်(၂)ဆု ရရှိသည့် ရိုးရာလှေလှော်အားကစားအဖွဲ့၊ ရွှေတံဆိပ်(၂)ဆု ၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၈)ဆု ရရှိသည့် ဗိုဗီနမ်(အားနစ်) အားကစားအဖွဲ့၊ ရွှေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ်(၂)ဆု ရရှိသည့် အလေးမအားကစားအဖွဲ့၊ ရွှေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ်(၄)ဆု ရရှိသည့် တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ ငွေတံဆိပ်(၁)ဆု ၊ ကြေးတံဆိပ်(၃)ဆု ရရှိသည့် ဂျူဒိုအားကစားအဖွဲ့၊ ငွေတံဆိပ် (၁)ဆုရရှိသည့် ကြက်တောင်အားကစားအဖွဲ့၊ ကြေးတံဆိပ်(၁)ဆု ရရှိသည့် ခရစ်ကက်အားကစားအဖွဲ့နှင့် စစ်တုရင်အားကစားအဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ ၊ စုစုပေါင်း(၁၅၅)ဦးတို့ ပြန်လည်လိုက်ပါလာကြသည်။

ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော်ခြင်း အမျိုးသား ကွင်းသွင်းပြိုင်ပွဲမှ သန်းဇော်ဦး၊သိန်းဇော်မင်း၊အောင်ကျော်မိုး၊ အောင်ဇော်၊ ကျော်ဇေယျာဝင်း၊ ဇင်ကိုကို၊ အမျိုးသမီး ကွင်းသွင်းပြိုင်ပွဲမှ ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ ကြူကြူသင်း၊ နိုင်နိုင်ဝင်း၊ နွယ်နွယ်ထွေး၊ ဆုတင်ဇာနိုင်၊ ရိုးရာလှေလှော် အသက်(၂၄)နှစ် အောက် အမျိုးသားငါးတက်လှော် (၂၅၀)မီတာ ပြိုင်ပွဲမှ ခန့်ဇော်အောင်၊ ပြည့်စုံအောင်၊ သက်ပိုင်ဖြိုး၊ စောနိုင်လင်းကျော်၊ တင်ကိုကို၊ ဗိုဗီနမ်(အားနစ်)အားကစားနည်း (၅၅-၆၀)ကီလို ဖော့တုတ်အတိုက်ပြိုင်ပွဲမှ စည်သူမောင်နှင့် အမျိုးသားအသင်းလိုက် အလွတ်တန်းပြိုင်ပွဲမှ အောင်ဇော်သက်၊ ရဲဇော်မိုး၊ မျိုးထွန်းအံ့၊ အလေးမ(၄၅)ကီလိုပြိုင်ပွဲမှ ဇင်မေဦး၊တိုက်ကွမ်ဒို အမျိုးသား (+၈၇) ကီလိုပြိုင်ပွဲမှ ကျော်မင်းနိုင်တို့ ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် ယခုယှဉ်ပြိုင်ခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် (၂၁)ဆု၊ ငွေတံဆိပ် (၂၅)ဆု၊ ကြေးတံဆိပ် (၆၈)ဆု၊ စုစုပေါင်းဆုတံဆိပ် (၁၁၄)ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်၊၊