အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

ကမ္ဘောဒီးယား၊ မေ(၃)။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံးအမျိုးသမီးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် ယှဥ်ပြိုင်အနိုင်ရရှိခဲ့မှုအား တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲနှင့် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြသည်။

(၄.၅.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ ဘောလီဘော(အမျိုးသား)ပြိုင်ပွဲ၊ Kun Bokator (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။