အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

ကမ္ဘောဒီးယား၊ မေလ(၄)ရက်။ 

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များရရှိစေရန်နှင့် လိုအပ် သည့် အုပ်ချုပ်မှု ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ယနေ့နံနက် မြန်မာစံတော်ချိန် (၈)နာရီအချိန်တွင်  ပြိုင်ပွဲဝင် အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Sports Village ၌ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့များနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး နောက် မြန်မာအားကစားအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး အတွက်ဆေးခန်းနေရာပြင်ဆင်ထားရှိမှုများ၊ အိပ်ဆောင်များနှင့် စားသောက်ခန်းမများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။