အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက်

ကမ္ဘောဒီးယား၊ မေ (၅)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအသင်းခေါင်းဆောင် Chief DE Mission(CDM) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည်   ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Garden City Hotel ၌ ဒေသစံတော်ချိန်  နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ်

သည့် SEAGF Medical and Anti-Doping Committee ၊ SEAGF Women and Sports Committee၊ SEAGF Sports and Rules Committee Meeting များသို့ လည်းကောင်း၊ မွန်းလွဲ (၂)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပပြုလုပ်သည့် SEAGF Council Meeting နှင့် SEAGF Executive Committee Meeting များသို့ လည်းကောင်း အရှေ့တောင်အာရှအဖွဲ့ဝင် (၁၁) နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ အသီးသီးတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။