အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေလ (၂) ရက်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်(၂)နာရီအချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြင်းစီးအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် မြင်းစီးလေ့ကျင့်ရေးကွင်း ၊ မြင်းစောင်းနှင့် အဖွဲ့ချုပ်အတွင်းရှိ လက်ရှိအဆောက်အဦများ တည်ရှိနေမှုတို့အား လှည့်လည်ကြည်ရှု စစ်ဆေး၍ စနစ်တကျ သပ်ရပ်စွာတည်ဆောက်ထားရှိရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပရေးအတွက် ဆောင်ရွက်ရန်လိုအပ်မှုများအား လမ်းညွှန်မှာကြားပြီးနောက် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ရုံးခန်းရှိ ခန်းမ၌ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းတို့ ပူးပေါင်း၍ မြင်းစီးအားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား လမ်းညွှန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။