အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် အစည်းအဝေး (SEAGF Office Meeting)တက်ရောက်

နေပြည်တော်၊ မတ် (၁၂)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေး (SEAGF Office Meeting) သို့ အရှေ့တောင်အာရှ အဖွဲ့ဝင်(၁၁) နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။ဦးစွာအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ၂၀၂၁ – ၂၀၂၂ ခုနှစ်၊ Anti- Doping Report ကိစ္စရပ်နှင့်ပတ်သက်၍လည်းကောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားခုံသမာဓိအဖွဲ့ (Arbitration Panel) ဖွဲ့စည်းရေး ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် စည်းမျဉ်း/ စည်းကမ်း၊ နည်းဥပဒေ (SEAGF Charter and Rules) ပြင်ဆင်/ ဖြည့်စွက်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း အရှေ့တောင်အာရှ အဖွဲ့ဝင်(၁၁)နိုင်ငံမှ ကိုယ်စားလှယ်များမှ အသီးသီး ဆွေးနွေးခဲ့ကြပြီး အစည်းဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။