အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၂၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင်သေနတ်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပထမနေ့ပွဲစဉ် အဖြစ်အမျိုးသား 10m Air Pistol နှင့် 10m Air Rifle ပြိုင်ပွဲများကျင်းပခဲ့ပြီး ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အမျိုးသမီး 10m Air Pistol ၊ 10m Air Rifle နှင့် အမျိုးသား25m Standard Pistol ပြိုင်ပွဲများ လည်းကောင်း၊ ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် အမျိုးသမီး25m Sport Pistol နှင့် အမျိုးသား 50m Free Pistol ပြိုင်ပွဲများ ကျင်းပပြီး ဆုပေးပွဲများပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။