အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မတ်လ(၂၀)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ နာယကဒေါ်နီ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ပေးကာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။

အဆိုပါသင်တန်းကို ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၀)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး၊ အခြေခံပညာဦးစီးဌာနမှ (၁၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး မတ်လ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။