အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နည်းပြသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မတ်လ(၂၉)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ ၌ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် နာယက ဒေါ်နီ ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်နှင့် ဦးမြင့်သိန်း၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှအမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့် က သင်တန်းဆင်းအမှာ စကားပြောကြားပြီး၊ သင်တန်းတွင်ထူးချွန်ဆုရရှိသော ပထမဆုရ ကသ(၁၇)ဒေါ်ဟေမာ(အား/ကာသိပ္ပံမော်လမြိုင်)၊ ဒုတိယဆုရ ကသ(၄၃)ဗိုလ်ကြီး ကောင်းထက်(ကာကွယ်ရေးဝန်ကြီးဌာန)၊ တပ်မတော်(လေ)နှင့် တတိယဆုရ ကသ(၂၃) ဒေါ်ယဉ်မွန်မွန် (ရန်ကုန်တိုင်းဒေသကြီး)တို့အား မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် နာယက ဒေါ်နီ က လည်းကောင်း၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြကဒ်များအား မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြင့်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် အမှုဆောင် ဦးရဲအောင်တို့ကလည်းကောင်း၊ သင်တန်းသား/ သင်တန်းသူများ၏ သင်တန်းဆင်းကဒ်များအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထိုနောက် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ သင်တန်းအတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခဲ့ကြောင်းသိရှိရသည်။