အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးကော်မတီတို့မှဖွင့်လှစ်သော တားမြစ်ဆေးဝါးစစ်ဆေးသူအရာရှိများပြန်လည်မှတ်ပုံတင်ခြင်း မွမ်းမံသင်တန်း(Doping Control Officer Reaccrediation Course) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မတ်လ (၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် South East Asia Regional Anti-Doping Orginzation (SEARADO) တို့၏ ပံ့ပိုးကူညီမူ့ဖြင့် မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမူ့ဆန့်ကျင်ရေးကော်မတီတို့မှဖွင့်လှစ်သော တားမြစ်ဆေးဝါး စစ်ဆေးသူ အရာရှိများ ပြန်လည်မှတ်ပုံတင်ခြင်း မွမ်းမံသင်တန်း ( Doping Control Officer Reaccrediation Course )ကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် ယနေ့မနက် ၈ နာရီ အချိန်တွင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမူ့ ဆန့်ကျင်ရေးကော်မတီမှ အကြီးအကဲများ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် အခြားဖိတ်ကြားသည့်ဧည့်သည်တော်များတတ်ရောက်ခဲ့ပါသည်။

၄င်းသင်တန်းကိုမြန်မာ့အားကစားလောက ဂုဏ်သိက္ခာရှိစွာ တိုးတတ်မြင့်မားရေးနှင့် အားကစားရဲ့ တရားမျှတမှု အနှစ်သာရများ မပျောက်ပျက်စေရေးအတွက် တားမြစ်ဆေးဝါးသုံးစွဲမူ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိနိုင်ရန် တားမြစ်ဆေးဝါးစစ်ဆေးသူအရာရှိ ( Doping Control Officer ) များမွေးထုတ်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းကို ထိုင်းနိုင်ငံ တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့အစည်း( Doping Control Agency of Thailand /DCAT) မှ သင်တန်းဆရာ Mr.Thassana Trairat မှ တားမြစ်ဆေးဝါးသုံးစွဲမူ့ စစ်ဆေးခြင်း သင်ခန်းစာများကို စာတွေ့ လက်တွေ့လာရောက်သင်ကြားပေးခြင်းဖြစ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ သင်တန်းသားဆရာဝန်(၁)ဦး ၊ ကျန်းမာရေးဝန်ကြီးဌာနမှ သင်တန်းသားဆရာဝန် (၃) ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ သင်တန်းသားအသင်းဆရာဝန်(၁)ဦး တတ်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။