အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ဒီဇင်ဘာ ၁၈။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်များကိုယ‌နေ့ညနေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း (ရန်ကုန်)၌ ကျင်းပသည်။

ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပထမတန်း အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် မာဏမင်းအသင်းက A.Teamအသင်းကိုနှစ်ပွဲ၊တစ်ပွဲဖြင့်လည်း‌ကောင်း၊ ဒုတိယတန်းအမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပျဉ်းမနား(PTE)အသင်းက မာဏမင်းအသင်းကိုနှစ်ပွဲ၊တစ်ပွဲဖြင့်လည်းကောင်းအနိုင်ရရှိသွားသည်။

ယင်းပြိုင်ပွဲကိုပတ်လည်စနစ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအပြီး ပထမတန်း အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမမာဏမင်းအသင်း၊ ဒုတိယA.Teamအသင်း၊ တတိယK.T.Rအသင်း၊ ဒုတိယတန်းအမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမ ပျဥ်မနား (Pte)အသင်း၊ ဒုတိယ မာဏမင်းအသင်း၊တတိယ K.T.Rအသင်းနှင့် အမျိုးသမီးအသင်းလိုက်နှင့်အသက်၆၀နှစ်အထက်အမျိုးသားနှစ်‌ယောက်တွဲပြိုင်ပွဲတွင်ဆုရရှိကြ‌သော အားကစားသမားများကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ထိန်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီ းဦးအောင်နိုင်ဆွေ၊ ဒုတိယဥက္ကဌတို့က တစ်ဦးချင်းဆုတံဆိပ်၊‌ငွေသားဆုများနှင့် ဆုဖလားများ‌ပေးအပ်ချီးမြှင့်ကြသည်။

ပြိုင်ပွဲကို ဒီဇင်ဘာ၁၆ရက်မှ ၁၈ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းမှ တင်းနစ်ကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။