အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

နေပြည်တော်၊ မတ်(၂၉)။

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသောဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်ဌာနခွဲအလိုက်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများ၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးဟိန်းမင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်မှ မီးသတ်တပ်ဖွဲ့ စတင်ပေါ်ပေါက် လာသည့်သမိုင်းကြောင်း၊ မီး လောင်ရသည့်အကြောင်းအရင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ပြုလုပ်သင့်သည့် အချက်များနှင့် ပတ်သက်ပြီး (Class-A) ရေနှင့်ငြိမ်းသတ်လို့ရသည့် ထင်းမီး၊ မီးဖိုမီး အကြောင်းနှင့် (Class-B) လျှပ်စစ်နှင့်ပတ်သက်သည့် ဝါယာရှော့အကြောင်းများအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနအနေဖြင့်  ဟောပြောပွဲများ၊ သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးအတွက် နှိုးဆော်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်၍ သဘာဝဘေးအန္တရာယ် များမှ တားဆီးကာကွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဝန်ထမ်းများ သိရှိ စေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ရုပ်ပုံများ၊ Video File များကို Projector ဖြင့် ဖွင့်လှစ် ပြသပေးခြင်း၊ မီးသတ်ဆေးဘူးများကို ကိုယ်တိုင်စနစ်တကျ အသုံးပြုတတ်စေရန်အတွက် လက်တွေ့ သင်ကြားပြသပေးခြင်း၊ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ဟော ပြောပွဲတွင် သရုပ်ပြ သင်ကြားပြသပေးပြီး ရှင်းလင်းပြောကြားပေးခဲ့သော ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက် အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။