အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ်၊ မတ်(၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မိုင်းဆတ်တပ်နယ်တို့မှ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ မိုင်းဆတ်တပ်နယ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် မိုင်းဆတ်မြို့နယ် အောင်ဇေယျဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်တပ်နယ် ဒုတိယတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်ကျော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ခိုင် ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားနှင့် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀)သင်းနှင့် ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲကို ၈. ၃. ၂၀၂၂ ရက်နေ့မှ ၂၁. ၃. ၂၀၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဖွင့်ပွဲပထမပွဲစဥ်(၁) အဖြစ် 14MOC(A) အသင်းနှင့် Zion အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး 14MOC(A) အသင်းမှ (၆)ဂိုး/(၄)ဂိုးဖြင့် Zion အသင်းကို အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။