အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မသန်စွမ်းအားကစားသမားများအား အားကစားဝတ်စုံ၊ ဘောလုံးကန်ဖိနပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ(၆)။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်သောပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပျဉ်းမနားမြို့နယ် မသန်စွမ်းအသိပညာပေးဆွေးနွေးပွဲမှ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံရှိမသန်စွမ်းလူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင်မှုများကို ဒုတိယဝန်ကြီးကိုယ်တိုင်ဆွေးနွေးခဲ့ပြီး မြန်မာနိင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုဆုရရှိသူများအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်မှုများကို Video files ပြသပေးခဲ့ပါသည်။

အဆိုပါဆွေနွေးပွဲတက်ရောက်ခဲ့သော ပျဉ်မနားမြို့နယ်မှ မသန်စွမ်းလူငယ် မောင်လင်းလင်းထွေးမှ ဘောလုံးအားကစားကို ဝါသနာပါကြိုးစားချင်လိုစိတ်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအာကစားအဖွဲ့ချုပ်မှ လူကိုယ်တိုင်လာရောက်ရွေးချယ်စမ်းသပ်ခဲ့ရာလည်းကောင်း၊ အားကစားအရည်ချင်းအားသဘောကျ၍ (၁၂)ကြိမ်မြောက် အာဆီယံအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိင်ရန်တွက် ပဏမရွေးချယ်ခေါ်ယူလေ့ကျင့်ပေးမည်ဖြစ်ရာလည်ကောင်း၊ မသန်စွမ်းလူငယ်လေးတွက် လူငယ်ရေးရာဦးစီးဌာနမှအားကစားလေ့ကျင့်ရေးဝတ်စုံ ဘောလုံးကန်ဖိနပ်နှင့် နေပြည်တော်-ရန်ကုန်ကားလက်မှတ်အပါအဝင် မှတ်ပုံတင်အမြန်ရရှိရေး သက်ဆိုင်ရာဌာနနဲ့ညှိနှိုင်းကူညီဆောင်ရွက်ထောက်ပံ့‌ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့တွင် (နေပြည်တော်)ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များအတွင်းရှိ မသန်စွမ်းလူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါပုဗ္ဗသီရိမြို့နယ်မှ မသန်စွမ်းအားကစားလူငယ် (၂)ဦးသည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းဝင်ရောက် လေ့ကျင့်ရန်သွားရောက်ရမည်ဖြစ်၍ အဆိုပါမသန်စွမ်းအားကစားသမား (၂)ဦးဖြစ်ကြသော မောင်ဇော်မင်းထွန်း နှင့် မဖူးရွေးရွေးဖြူတို့အား လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။