အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကြီးမားတဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် အားကိုးအားထားပြုရမယ့် အင်အားစုတစ်ရပ်ဖြစ်လို့ နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်တဲ့အပြင် အနာဂတ်နိုင်ငံတော်ရဲ့ အကောင်းအဆိုးဟာဆိုရင် ဒီကနေ့လူငယ်များရဲ့ စွမ်းဆောင်ရည်၊ကိုယ်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပေါ်မှာ မှီတည်နေတာဖြစ်လို့ လူငယ်များ ဘက်စုံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်( ၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂. ၉ .၂၀၂၂)ရက်နေ့ညနေ ( ၄း၄၅ )နာရီအချိန်တွင် အောင်မြေမန္တလာ အားကစားကွင်းသစ်ကြီးတွင်ကျင်းပပြုလုပ်ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးမှတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရပါသည်။