အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မန္တလေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်များတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်

နေပြည်တော်၊ မတ်(၂၃)ရက်။

လူငယ်များကိုအနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်း သား/ကျောင်းသူ၊ လူငယ်များအကျင့်စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်နှင့် ချမ်းမြသာစည်မြို့နယ် အ.ထ.က (၃၀)ကျောင်းများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးမှ စိတ်ဓာတ်စည်းကမ်းမှစ၍ လူ့ဘောင်ဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်မှ အကျင့်စာရိတ္ထကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်မှ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာသောအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ရိုးရာခြင်းခေတ်သရုပ်ပြသခြင်း၊ Fitness Dance သရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ရမည်းသင်းမြို့ အ.ထ.က (မြို့မ) ကျောင်း၌ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယနေ့ နံနက် (၁၁) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ခရိုင်ပညာရေးမှူး Dr သက်လှစုမှ “ စိတ်ဓာတ် စည်းကမ်း ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်မှ လူငယ်နှင့်အားကစား ခေါင်း စဉ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးမှ အကျင့်စာရိတ္တ မြင့်မားရေးနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟော ပြောခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်မှ မြို့မကျောင်းအုပ် ဆရာမကြီးထံ အားကစားမဂ္ဂဇင်းနှင့် အားကစားပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။