အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မန္တလေးတိုင်းဒေသကြီး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(JOB Fair)ကျင်းပ

မန္တလေးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဉီးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် “ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(JOB Fair)ကို (၅.၁၀. ၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ မန္တလာသီရိအားကစားကွင်းရှိ (Multipurpose Stadium)တွင် ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကုမ္ပဏီ(၃၇)ခုမှ တက်ရောက်ခင်းကျင်းပြသခဲ့ကြောင်းနှင့် လူငယ်လူရွယ်(၃၀၀)ဦးနီးပါး တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။