အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်၊ မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် (၂၂) ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၂၁.၃.၂၀၂၂) ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း ၍ “ လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲ” ကိုလည်းကောင်း၊

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မတ်လ (၂၁)ရက် နေ့မွန်းလွဲ(၃)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း ရတနာထွန်းခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က ကျောင်းသားလူငယ်များ စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးဘိုမောင်က လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ငယ်သူထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် အားကစား လှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း၊ ကျောင်းသားလူငယ်များ အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏစာရိတ္တဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးအကြောင်း တို့ကိုပြောကြားပြီး အထက-တံတားဦးကျောင်းတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

(၂၁. ၃ .၂၀၂၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန နှင့် ခရိုင်ပညာရေးဌာနတို့ပူပေါင်း၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။