အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်

မကွေး၊ အောက်တိုဘာ ၁၂။

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်၍ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။

၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရေနံချောင်းမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆုနှင့် ရှေ့တန်းအကောင်းဆုံးဆု ရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဝင်များမှ ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ပူးတွဲတတိယဆု ရရှိသော မကွေးမြို့နယ်အသင်းနှင့် တောင်တွင်းကြီးမြို့နယ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တစ်ဦးချင်း ဆွဲပြားနှင့် ငွေသားဆုများအားလည်းကောင်း၊ ဒုတိယဆုရရှိသော ဆင်ပေါင်ဝဲမြို့နယ်အသင်းအား လူမှုရေးရာဝန်ကြီးမှ တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော ရေနံချောင်းမြို့နယ်အသင်းအား တို်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။