အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

မကွေး၊ မတ်လ(၂၆)ရက်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်လ (၂၆) ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဝါတပ်ရှိ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

 အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်မှ လူငယ်နှင့်အားကစား စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်ရမည့်အချက်များနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို လည်းကောင်း ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝစေရေး အတွက် သတိပြု လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက လူငယ်နှင့် ဗလငါးတန် ဖွံ့ဖြိုးရေး‌ ခေါင်းစဉ်ဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့် အချက်များနှင့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရေး လုပ်ဆောင်ရန် အချက်များ ကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်မှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 ယခုပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင်၊ ပြင်ပအသိပညာ ဗဟုသုတတိုးပွား လာစေရန်၊ နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့်အတူ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာ စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ပညာရေးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပေါင်းစပ်၍  မတ်လ (၂၅) ရက်နေ့တွင် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ပခုက္ကူတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။