အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်များတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ်(၂၃)ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား / ကျောင်းသူ၊ လူငယ်များ အကျင့်စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် အ. ထ. က(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

“ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းတုန်းမြို့နယ် (အ-ထ-က) မင်းတုန်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။