အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေး၊ မတ်လ(၁၉) ရက်။

မကွေးခရိုင်၊မကွေးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် အ. ထ. က (၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေးဌာန တာဝန်ခံဆရာမက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မကွေးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်နှင့်စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ် စိတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မကွေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူးမှ အားကစားနှင့်ကာယပညာသိပ္ပံအကြောင်းနှင့် နွေရာသီသင်တန်းဖွင့်လှစ်မည့် အကြောင်းတို့ဖြင့်အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း အင်အား(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၁၉.၃.၂၀၂၂) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကိုကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင် အား/ကာ ဦးစီးဌာနအနေဖြင့် အားကစား၏အဓိပ္ပယ်၊ အားကစားအမျိုးအစား၊ အားကစားပြုလုပ်ခြင်းဖြင့်နိုင်ငံတော်၏အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ /ကျောင်းသား၄၀၀ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။