အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သင်တန်းအဖွင့် အမှာစကားပြောကြား

ဘားအံ၊ အောက်တိုဘာလ (၉)ရက်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပြည်နယ် ဘော်လီဘောဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (19.10.2021)ရက်နေ့ ၊နံနက်(08:00)နာရီအချိန်တွင် ဘားအံမြို့ လှာကမြင်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ပြည်နယ်လူမှုရေးရာဝန်ကြီး နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား (၂၅)ဦးတက်ရောက်ခဲ့ပါသည်။