အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံများ တက်ရောက်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ (23.10.2021)ရက်နေ့၊ နံနက်(08:00)နာရီအချိန်တွင် ဘားအံမြို့ လှာကမြင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ခံ ပြည်နယ်လူမှုရေးရာဝန်ကြီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှသင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက် မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။