အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် Chef De Mission Meeting သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

နေပြည်တော်၊ မတ်(၁၆) ။

၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် Chef De Mission Meeting  အား ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နှင့် (၁၉)ရက် နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၂၅)နာရီအချိန်၌ စင်္ကာပူ လေကြောင်းလိုင်း SQ 761 U ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့မှ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။