အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီး ဒီဇင်ဘာလ(ပဉ္စမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ကရင်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံး ပါဝင်သည့် ကိုယ် လက်လှုပ်ရှားအားကစားကို နေ့စဉ် ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)နှင့် အခြေခံပညာကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်တို့မှစုပေါင်း ပါဝင်ဆင်နွဲခဲ့ကြသည်။

လမ်းလျှောက်ပွဲ စုရပ်ကို မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှာ ပြုလုပ်ပြီး ဗဟိုလမ်းမကြီး တစ်လျှောက်သို့ စတင်ထွက်ခွာ၍ အထက်လမ်းမကြီးတစ်လျှောက်နှင့်သာသနာ့ဗိမာန်လမ်း တစ်လျှောက်မှကျောင်းသားအားကစား ကွင်းအထိ စုပေါင်း လမ်းလျှောက်ပွဲကို တပျော်တပါး ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပြည်သူများသည် မော်လမြိုင်မြို့၊ ကျောင်းသားအားကစား ကွင်း၌ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကာ ပျော်ပွဲရွှင်ပွဲ အစီအစဉ်အနေဖြင့် အမှတ်တရဆုမဲများ ဖောက်ပေးခဲ့ ကြပြီး ဆုရရှိသူများကို တာ၀န်ရှိ သူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၃၁)ရက်နံနက်(၅)နာရီ(၄၅)မိနစ်က စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် စုပေါင်းလမ်းလျှောက်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျန်းမာရေးလိုက်စားသူပြည်သူများက စုရပ်မှစ၍ စတင်လမ်း လျှောက်ခဲ့ကြပြီး ရွှေပန်းခြံလမ်း၊ ထိုမှတဆင့် ထူပါရုံဘုရာလမ်း၊ ကမ်းနားလမ်း တစ်လျောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပိုးတန်းရပ်ကွက် မြို့မဘော့လုံးကွင်းအတွင်း ဝင်ရောက်၍ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂) ဖြင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြကာ စစ်ကိုင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းမြို့အနေဖြင့် စုပေါင်းလမ်းလျောက်ပွဲများကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာအားကစားလတွင် အပတ်စဉ်(စနေနေ့)တိုင်း စုရပ်များသက်မှတ်၍ စုပေါင်းလမ်းလျောက်ခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ စနေနေ့ (၃၁.၁၂. ၂၀၂၂) ရက်နေ့ မနက်ခင်း ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏လမ်းညွှန်မှုကိုခံယူကာ ရပ်စောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ၊ ကျောင်းသား/သူများ၊ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၃၀၀) ခန့်ရှိခဲ့ကာ ကာယအတွဲ ၁+၂ လေ့ကျင့်ခန်းများ၊ Myanmar Fitness Dance လှုပ်ရှားမှုများပြုလုပ်ကျင်းပခဲ့ပါသည်။

ဆီဆိုင်မြို့နယ်တွင်လည်း ဒီဇင်ဘာအားကစားလ (ပဉ္စမ)အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မိုင်းတုံမြို့ တွင်လည်း ပဉ္စမ အကြိမ်မြောက် ဒီဇင်ဘာလစုပေါင်းလူထုလမ်းလျှောက်ပွဲနှင့်လွန်ဆွဲပွဲများအားကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင်လည်း ဒီဇင်ဘာအားကစားလ (ပဉ္စမ)အပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။