အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု တတိယပတ် အနေနဲ့ စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားမှုကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မင်းဘူးမြို့ ပြည်သူ့ပန်းခြံတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူထုအားကစားလှုပ်ရှားမှုနှင့် လမ်းလျှောက်ပွဲသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့ပတ်လမ်းတစ်လျှောက် စုပေါင်း လမ်းလျှောက်ကြပြီး မင်းဘူးမြို့ ပြည်သူ့ပန်းခြံသို့ ရောက်ရှိကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်အတွင်းရှိ ပြည်မြို့၊ ရွှေတောင်မြို့ ၊ ပေါင်းတည်မြို့၊ ပန်တောင်းမြို့၊ ပေါက်ခေါင်းမြို့နှင့် သဲကုန်းမြို့တို့တွင်လည်း ဒီဇင်ဘာလတတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂၀၂၂ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်တွင်လည်း ဒီဇင်ဘာလတတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဖြူးမြို့နယ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင်ရွှေရုပ်ထုအဝိုင်းရှေ့မှ ကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့်MFD လေ့ကျင့်ခန်းများကို တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပါသည်။ စုစုပေါင်း အမျိုးသား၊အမျိုးသမီး အင်အား (၃၂၀၀)ဦးပါဝင်ဆင်နွှဲခဲ့ပါသည်။

ကန်ကြီးထောင့်မြို့နယ်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အားကစားပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ| လူငယ်သင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဘက်များနှင့် မိဘပြည်သူများတက်ရောက်ကြပြီး တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။