အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင် ရွှေရုပ်ထုအဝိုင်းမှ ကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့် MFD လေ့ကျင့်ခန်းများကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည် ။ စုစုပေါင်း အမျိုးသား၊ အမျိုးသမီးအင်အား(၃၁၅၀)ဦးခန့်ပါဝင်ဆင်နွှဲခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ရွှေဘိုမြို့တို့တွင်လည်း လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ် ကျင်းပခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြပါသည်။

အမရပူရခရိုင်/မြို့နယ်တို့တွင်လည်း ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကြီးကို အင်အား(၁၀၀၀)ကျော်ဖြင့် (၁၀.၁၂.၂၀၂၂)နံနက်၆:၀၀နာရီအချိန်၌ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးအောင်ထွန်းအပါအဝင် ခရိုင်ရဲမှူးကြီး၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများစုပေါင်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှ တောင်သမန်ဦးပိန်တံတားသို့ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့ကြပါသည်။ မိတ္ထီလာမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင်လည်း ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအပြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၂ခု နှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို (၁၀. ၁၂. ၂၀၂၂)ရက်နေ့ နံနက်(၅:၃၀)အချိန်တွင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်း /ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ လူထုစုပေါင်းလမ်းလျှောက်ပွဲကြီးကို ပါဝင်ဆင်နွှဲကြပြီး မကွေးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ(၂)နှင့် Physical fitness dance များ တစ်စုတစ်ဝေး ပြုလုပ်ခဲ့ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းနှင့်ရေသန့်ဘူးများ ပေးဝေခဲ့ကာ ဗလာမပါ ကံစမ်းမဲများလည်း ပျော်ရွှင်စွာ မဲဖောက်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ စားပွဲတင်တင်းနစ်ခုံနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) စုပေါင်းလူထုလမ်းလျှာက်ပွဲကို (၁၀.၂.၂၀၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လမ်းလျှာက်ပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၏ ဇနီး၊ ပြည်နယ်/ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ် ဆရာ/ဆရာမများ၊ သူနာပြုသင်တန်းသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။