အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဧပြီ (၁၁)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၁၅)နာရီအချိန်တွင် တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းဂေါက်သီးရိုက် အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်ကြသော အသင်းများအား လိုက်လံနှုတ်ဆက်ပြီး ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာ အဆိုပါပြိုင်ပွဲကို ၁၁. ၄. ၂၀၂၂ ရက်နေ့မှ ၁၄. ၄. ၂၀၂၂ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းမှ အမျိုးသားအသင်း(၃၁) သင်းနှင့် အမျိုးသမီးအသင်း (၇)သင်း ပြိုင်ပွဲဝင် အသင်းပေါင်း(၃၈)သင်းတို့မှပါဝင်ယှဉ်ပြိုင်ကစားကြကြောင်းသိရှိရပါသည်။