အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ဧပြီ (၁၅)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်း အနားကို ၁၄.၄.၂၀၂၂ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး ၊ ပြည်နယ်လမ်းပန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ဆုရအားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယတိုင်းမှူး နှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားကာ စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွားသော အောင်ပန်းအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မှ ပေးအပ်ချီးမြှင့်သွားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။