အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသည့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား နှုတ်ဆက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ တည်ခိုးနေထိုင်လျက်ရှိသော ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယခုကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအားစားပွဲတော်ကြီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆင်နွှဲခွင့်ရသည်ကို ဝမ်းသာဂုဏ်ယူကြရန်လိုကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ညီညာလှပစွာဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဝမ်းသာဂုဏ်ယူစွာနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် လူငယ်မျိုးဆက်သစ် အားကစားသမားအဆင့်မှ မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်သွားရန်နှင့် ပညာရေးပိုင်းတွင်လည်း အားနည်းမှုများ မရှိစေရန်အတွက် ကျောင်းစာများကို အာရုံစိုက်၍ ပြန်လည်ကျက်မှတ်လေ့လာသွားရန်လိုကြောင်း၊ လမ်းခရီးတစ်လျှောက် စည်းကမ်းတကျသွားလာကြရန်နှင့် ခရီးစဉ်အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။