အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဇူလိုင်လ(၁၀)ရက်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် (၁၁.၇.၂၀၂၂) ရက်နေ့မှ (၁၃.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် ကောင်စီအစည်းအဝေး (South East Asian Games Federation Council Meeting) သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ အဖွဲ့ဝင် (၅)ဦး လိုက်ပါလျက် နေ့လည်(၁၁:၃၀)နာရီ အချိန်တွင်လေယာဉ်အမှတ် WE 302 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ မှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တို့သည် SEAGF Council Meeting သို့ တက်ရောက်မည်ဖြစ်ပြီး အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က SEAGF Sports and Rule Committee အစည်း အဝေးကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦး က SEAGF Medical အစည်းအဝေးကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ က SEAGF Women and Sports Committee အစည်းအဝေးကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် က SEAGF Broadcast Committee အစည်းအဝေးသို့လည်းကောင်း အသီးသီးတက်ရောက်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။