အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာလ(၂)ရက်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings ) သို့ တက်ရောက်ခဲ့သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် သြဂုတ်လ(၂၇)ရက်နေ့မှစက်တင်ဘာလ(၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက်အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်အဝေးနှင့်ဆက်စပ်အစည်းအဝေးများ(Fourteenth ASEAN Senior Officials Meeting On Sports SOMS-14and Related Meetings) သို့တက်ရောက်ခဲ့သည့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့်အဖွဲ့တို့သည် ယနေ့ ညနေ (၁၈း၀၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် TG- 303 ဖြင့် ပြန်လည်ရောက်ရှိရာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့်တာဝန်ရှိသူတို့က သွားရောက်ကြိုခဲ့ကြောင်း သိရှိရသည်။