အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး

ကမ္ဘောဒီးယား၊ မေ ၇။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသမီး Event 2 ပွဲစဉ်၌ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။