အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ(၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ ဝန်ကြီးရုံး Call ခန်းမ၌ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF), Secretary General of Vietnam Vovinam Federation (VVF), Deputy President /General Secretary of Ho Chi Minh City Voviam Viet Vo Dao Federation (HVVF), Head of Vovinam Section of Ho Chi Minh City Department of Culture and Sport Mr.Nguyen Binh Dinh အား လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Mr.Nguyen Binh Dinh အား Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ၏ အတွင်းရေးမှူးအဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခြင်း/ရွေးချယ်ခြင်းခံရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းအတွက် မြန်မာနိုင်ငံမှ နည်းပြများနှင့် အားကစားမားများအား ယခုလိုလာရောက်တွေ့ဆုံအားပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းဆက်လက်ပြန့်ပွားအောင် မြန်မာနိုင်ငံအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာရပ်ဖြစ်သည့် (ဗန်တို) အားကစားနည်းကိုလည်း အရှေိ့တောင်အာရှတွင်သာမက အာရှနိုင်ငံများအထိပြန့်ပွားပြီး ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်အောင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး Mr.Nguyen Binh Dinh က ယခုလိုလက်ခံတွေ့ဆုံခွင့်ပေးသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်အားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင်ပါ (၁၀)စုနှစ်တစ်ခုထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် SEA Games တွင်လည်း ထည့်သွင်း၍ လက်ခံကျင်းပပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ဗိုဗီနမ်အားကစား နည်းဖြင့် မြန်မာအသင်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကူညီ၍ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာသိုင်းပညာရပ်ဖြစ်သည့် (ဗန်တို)အားကစားနည်းကိုလည်း အရှေိ့တောင်အာရှတွင်သာမက အာရှနိုင်ငံများအထိပြန့်ပွားပြီး ပြိုင်ပွဲများထည့်သွင်းကျင်းပနိုင်အောင် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်က ဗိုဗီနမ်အားကစားနည်းတိုးတက် ပြန့်ပွားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၊ အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲတို့တွင် ဗိုဗီနမ်အားကစားနည်းထည့်သွင်းကျင်းပနိုင်ရေးအတွက် လက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံများမှ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် Mr.Nguyen Binh Dinh အား အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်းသိရသည်။