အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဌာနကိုယ်စားပြု စစ်ကြောင်းဖြင့် ချီတက်လမ်းလျှောက်စစ်ရေးပြမည့် ဝန်ထမ်းများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။          

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၏ အနောက်ဘက်၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် စစ်ကြောင်းဖြင့် ချီတက်လမ်းလျှောက်စစ်ရေးပြမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု အရာထမ်း/အမှုထမ်းအင်အား (၁၆၅)ဦးမှ တပ်ခွဲ(၁)ခွဲဖြင့် ပါဝင်ချီတက်စစ်ရေးပြနိုင်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကိုယ်စားပြု၍ ဦးထိန်လင်း ဦးဆောင်သည့် စစ်တီးဝိုင်းတပ်ခွဲမှ အင်အား(၄၂)ဦးနှင့်အတူ စစ်ချီတေးသီချင်းဖြင့် သီဆိုချီတက်လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် စစ်ရေးပြလေ့ကျင့်နေသည့် ဌာနကိုယ်စားပြုဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယခုလို (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် စစ်ကြောင်းဖြင့်ချီတက်လမ်းလျှောက်နိုင်ရန် အချိန်ပေး၍ လေ့ကျင့်နေရသည့်အတွက် ပင်ပန်းမည်ကို နားလည်ပါကြောင်း၊ ဝန်ထမ်းများအားလုံး လေ့ကျင့်ရာတွင် တာဝန်အရ သဘောမထားဘဲ နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် အကောင်းဆုံး တက်တက်ကြွကြွ စိတ်ပါလက်ပါဖြင့် စနစ်တကျ ညီညီညာညာ လှုပ်ရှားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ရာတွင် ဆင်တူဝတ်စုံများဖြင့် စနစ်တကျညီညာမှုရှိစေရန် အားသွန်ခွန်စိုက် ကြိုးစားပေးကြရန် မှာကြားခဲ့ပြီးနောက် လေ့ကျင့်နေသည့်အဖွဲ့များအတွက် ထောက်ပံ့ငွေများနှင့် Masks များအားလည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးထိန်လင်း ဦးဆောင်သည့်အဖွဲ့နှင့် စစ်ရေးပြ သင်ကြားလေ့ကျင့်ပေးနေသည့် အမှတ်(၁)၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ဗိုလ်ကြီးအောင်နိုင်ထွန်းနှင့် အဖွဲ့တို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။