အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ (၂) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများ Cluster(9)ရှိ စားရိပ်သာတွင် နေ့လည်စာ စားသုံးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား Nutrition အာဟာရ ညီညွတ်မျှတပြည့်ဝစွာ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားဆေးဘက်ဌာနခွဲမှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံခဲ့ပြီး ဝန်ထမ်းများတစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံသွားကြရန်လိုကြောင်း၊မိသားစုသဖွယ် ညီအကိုမောင်နှမစိတ်ဓါတ်ထားရှိပြီး အချင်းချင်းကူညီရိုင်းပင်း၍ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက အဆင့်ဆင့်သတင်းပို့၍ ဆောင်ရွက်လုပ်ကိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။