အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသောအခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ (၃၀)ရက်။

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီခွဲအချိန်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်း၌ စတင်ကျင်းပသည်။

နံနက်ပိုင်း အမျိုးသမီး ‌ဗိုလ်လုပွဲစဉ်တွင် ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းနှင့် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းက အနိုင်ရရှိခဲ့သည်။

ညနေပိုင်း အမျိုးသားဗိုလ်လုပွဲတွင် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်း နှင့် လယ်ဝေးမြို့နယ် အထက(၁)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လယ်ဝေးမြို့နယ် အ.ထ.က(၁)အသင်းကအနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ တိုင်းပညာရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြချုပ် မိုက်ကယ်ကျော်မင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဆုပေးပွဲ‌ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ခရစ်ကတ်နည်းပြနှင့်ဒိုင် “ Level O” သင်တန်းတွင်တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးမြင့်စိုးက သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး နည်းပြ/ဒိုင်များအားထောက်ပံ့ကြေး‌ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများနှင့် တစ်ဦးချင်း အကောင်းဆုံးဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုချီးမြင့်ရာ လယ်ဝေးမြို့နယ် အထက(၁)အမျိုးသားအသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အထက(၉) အမျိုးသမီးအသင်းတို့က ပထမဆု၊ ဒက္ခိဏသီရိမြို့နယ် အထက (၁၈) အမျိုးသားအသင်းနှင့် ဒက္ခိဏသီရိမြို့နယ် အထက (၁၈) အမျိုးသမီးအသင်းတို့က ဒုတိယဆု၊ ဇမ္ဗူသီရိမြို့နယ် အထက ၉ (အမျိုးသား)အသင်း၊ ပျဉ်းမနားမြို့နယ် အထက(ခွဲ) ဇီးကုန်း (အမျိုးသား) အသင်း၊ လယ်ဝေးမြို့နယ် အထက ၁ (အမျိုးသမီး)အသင်း၊ ဥတ္တရသီရိမြို့နယ် အလက(ခွဲ) ရွှေနံသာ (အမျိုးသမီး)အသင်းတို့က ပူတွဲတတိယဆု၊ အကောင်းဆုံးတစ်ဦးချင်းဆုများကို လယ်ဝေးမြို့နယ် အထက (၁)မှ မောင်စိန်ဝင်းနှင့် ဇမ္ဗူသီရိမြို့နယ် အထက (၉)မှ မယွန်းပိုပိုအောင်တို့ ကအသီးသီးလက်ခံရရှိခဲ့ကြောင်း သိရသည်။