အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဇွန် (၂၆)။

ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုးက လူငယ်နှင့်အားကစားကဏ္ဍ၊ အား/ကာ (သိပ္ပံ)နှင့် B.Sc (Sports) အားကစားသိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများဟောပြော၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) လူငယ်ရေးရာဦးစီးဌာနတာဝန်ခံဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းမှ လူငယ်နဲ့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းစဉ်နှင့် လူငယ်များအားကစားပြုလုပ်ရခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။

ထို့နောက် ပျဉ်မနားမြို့နယ်လက်ထောက်ပညာရေးမှူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားအထောက်ကူပြုပစ္စည်းများလှူဒါန်းကာ Fitness Dance အကဖြင့် သရုပ်ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးတင်မောင်စိုး၊ လူငယ်ရေးရာဦးစီးဌာနတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးလင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ အင်အား (၂၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။