အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူး၊ မတ်(၂၅)။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးလူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်လာစေရန်၊ အရည်အချင်းပြည့်ဝလာစေရန်၊ ဉာဏ်ပညာထက်မြက်လာစေရန်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေရန်နှင့် ကာယဗလ၊ ဉာဏ်ဏဗလ၊ စာရိတ္တဗလ၊ မိတ္တှဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်ဝစေပြီး ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များဖြစ်လာစေရေးကို အထူးအလေးထားပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၂၅.၃.၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်သန်းတို့မှ လူငယ်‌နှင့်အားကစားကဏ္ဍ၊လူငယ်နှင့်ကျန်းမာရေးကဏ္ဍ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုကဏ္ဍနှင့် လူငယ်နှင့်ပညာရေးကဏ္ဍများကို အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။