အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူး၊ အောက်တိုဘာ ၁၀

၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပဲခူးခရိုင်အားကစားကွင်း၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲစဥ်အဖြစ်ယှဥ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြရာ သာယာဝတီခရိုင်အသင်းမှ (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုနှင့် အကောင်းဆုံးဘောလုံးသမားဆုရရှိသူများအား အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းစီအားလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းစီအားလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းအား ပေးအပ်ချီးမြှင့်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်း ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။